MNP ၊ စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ယမန်နေ့ နံနက်ပိုင်းက တပ်ဦးသီတာရပ်ကွက်၊ ကားကြီးဝင်းအနီးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါ အခြေခံစားသောက်ကုန် ဆန် ၁ ပြည်၊ ဆီ ၁၀ ကျပ်သား၊ (အရင်းဈေး ၄၅၂၁ ကျပ်)ပါ အထုပ် ၁ ထုပ်လျှင် ၃၅၀၀ ကျပ်နှုန်းဖြင့် အထုပ် ၃၀၀ ကို နံနက် ၇ နာရီ ၃၀ မိနစ်မှစတင်၍ ရောင်းချပေးခဲ့ရာ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသောကြောင့် ဝယ်ယူသူများမှာ ဝမ်းမြောက် လျက်ရှိကြောင်းသိရသည်။
ထိုသို့တန်ဖိုးသင့် စားသောက်ကုန်များအား မည်သူမဆိုလွတ်လပ်စွာ ဝယ်ယူနိုင်ပြီး ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၏ ကြီးကြပ်မှုဖြင့် အပတ်စဉ်ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment