ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းလုပ်ငန်းများနှင့် ကျေးလက်လယ်ယာ ကုန်ထုတ်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းလုပ်ငန်းများနှင့် ကျေးလက်လယ်ယာ ကုန်ထုတ်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားပြုလုပ်




MNP ၊  စက်တင်ဘာ  ၇

ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းလုပ်ငန်းများနှင့် ကျေးလက်လယ်ယာ ကုန်ထုတ်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြခြင်းကို စက်တင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီအချိန်က  ကယားပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြည်နယ်အဆင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ ကယားပြည်နယ်အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး မောင်မောင်ဦးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးလက်လယ်ယာ ကုန်ထုတ်လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေးလုပ်ငန်းများ သတ်မှတ်ထားသည့်ပုံစံအတိုင်း ဆောင်ရွက်သွားကြရန်နှင့် စံချိန်စံညွှန်းများ၊ အရည်အသွေးများ ပြည့်မီအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လျာထားသည့်လုပ်ငန်းများသည် မြေပြင်တွင်အမှန်တကယ်လိုအပ်သည့် လုပ်ငန်းများဖြစ်စေရန်အတွက် ကြိုတင်ကွင်းဆင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းလုပ်ငန်းများအား ပုံမှန်လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများက အဆင့်ဆင့်ကြီးကြပ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ပြောကြားသည်။


ထို့နောက် ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောဒီးဒီမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လယ်ယာကုန်ထုတ် လမ်း၊ တံတားများ၊ ကျေးလက်ရေပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားလည်းကောင်း၊ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရန်လျာထားသည့် လုပ်ငန်းအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။


ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးက ဆွေးနွေးတင်ပြမှုများအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment