ပေါင်မြို့နယ်၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ နံရံကပ်စာစောင်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ နံရံကပ်စာစောင်ပြသ




MNP ၊  စက်တင်ဘာ  ၁၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ယနေ့ကျရောက် သောကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ နံရံကပ်စာစောင်ပြသခြင်းကိုယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့နံရံကပ်ဘုတ်တွင်ပြသဆောင်ရွက်ခဲ့ကြောင်းသိရသည်။


ထိုသို့ပြသရာတွင် အိုဇုန်းလွှာပျက်စီးစေသောဒြပ်ပစ္စည်း ၉၉% ကိုလည်းကောင်း၊ ကမ္ဘာ့လျှပ်စစ်ဓာတ်အား ၁၀%ကို အအေးပေးနည်းပညာအတွက်အသုံးပြုခြင်းကိုလည်းကောင်း၊ HFCs အမျိုးအစား ၈၈%ခန့်ကို အအေးပေးရန်အသုံးပြုလာခြင်းကိုလည်းကောင်း၊HFCs အမျိုးအစား အချို့မှာ CO2 ထက်အဆ  ( ၁၀၀၀ ) ခန့် ကမ္ဘာ့လေထုကို ပိုမိုပူနွေးလာခြင်း စသည့်အကြောင်းအရာများကို ပြသခဲ့ရာပြည်သူများက လာရောက်ကြည့်ရှု့ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment