MNP ၊ စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမာ္ဘ့ဆရာများနေ့ အထိမ်းအမှတ်အကြို စာစီ စာကုံး ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း တွင် ကျင်းပ ပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး (တာဝန်ခံ) ဦးဇော်လင်းဦး နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်မည့် ကမာ္ဘ့ဆရာများနေ့ အထိမ်းအမှတ်အကြို စာစီ စာကုံး ပြိုင်ပွဲတွင် အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ၊ လေးမိုင်အခြေခံပညာအထက်တန်းကျောင်း ၊ အမှတ်(၃)မူလတန်း လွန်ကျောင်း ၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း ၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များမှ အထက်တန်း အ ဆင့် ကျောင်းသား/သူ ၁၅ ဦး နှင့် အလယ် တန်း အဆင့် ကျောင်းသား ၊ကျောင်းသူ ၁၈ ဦး စုစုပေါင်း ၃၃ ဦးက “မွန်မြတ် လှပ ဆရာဘဝ” ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ် ပြိုင်လျက်ရှိကြောင်းသိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost
No comments:
Post a Comment