MNP ၊ စက်တင်ဘာ ၁၅
အမျိုးသမီးငယ်များအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေးအတွက် မြောက်ဥက္ကလာပမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ ပန်းအလှပြင်သင်တန်းကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို မြောက်ဥက္ကလာပမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လော်ဂိတ်ဆုံနှင့် အဖွဲ့ဝင်များကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ပန်းအလှဆင် ပန်းအလှပြင်လုပ်ငန်းကို စိတ်ဝင်စားသည့် အမျိုးသမီးငယ် (၁၅) ဦးတို့အား အခြေခံပန်းအိုးထိုးနည်း၊ အမှတ်တရနေ့များအတွက် ပန်းစည်း၊ ပန်းခြင်းအမျိုးမျိုးနှင့် အခမ်းအနားများတွင် ပန်းအလှပြင်နည်းအမျိုးမျိုးတို့ကို နည်းပြဆရာမများဖြစ်ကြသည့် ဒေါ်ထက်ထက်ဝင်း၊ ဒေါ်မွန်မွန်အောင်တိုက စာတွေ့၊ လက်တွေ့ သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ခေါင်းလျှော်၊ ဆံပင်ညှပ်၊ အလှပြုပြင်ခြင်း သင်တန်းများကို စက်တင်ဘာလ ၁၅ ရက်နေ့မှ စက်တင်ဘာလ ၂၀ ရက်နေ့ အထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး အိမ်တွင်းမှုတစ်ပိုင်တစ်နိုင် လုပ်ငန်းများဖြစ်သည့် မြန်မာမုန့်ပြုလုပ်ခြင်းသင်တန်းများ၊ ဆပ်ပြာဆီပြုလုပ်ခြင်း သင်တန်းများကို အောက်တိုဘာလအတွင်း ပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သိရသည်။
မြမြဝင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment