ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲကျင်းပ



MNP ၊  စက်တင်ဘာ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပ ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက သဘာဝဘေးကြုံတွေ့ သည့်အခါ ရေကြီးနှစ်မြုပ်ကျေးရွာများတွင် အသုံးပြုရန် အစာနုအိတ်များထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြစ်ရေဝင်ကျေးရွာအုပ်စုများ ဖြစ်သော ရေလဲ၊ နန်းတော်ကျွန်း၊ ဖားလက်ခို၊ ကူးတို့ဆိပ်၊ တောင်ပို့တရာ၊ ထုံးတပို၊ သာဓုချောင်း၊ ဇော်ဂျီကွင်း၊ ရေတွင်းကုန်း၊ မြစ်ဝ၊ ငြိမ်းအေး၊ ဆုံကုန်း၊ အထွဋ်ကျေးရွာအုပ်စုများသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက တိရစ္ဆာန်အစာနုအိတ်များကို တက်ရောက်လာသူများအား အသီးသီးပေးအပ်ခဲ့ကြသည်။


တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဇလွန်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနသို့ သဘာဝဘေးကြုံတွေ့သည့် ကျေးရွာများ တွင် အသုံးပြုရန် ဖြန့်ဖြူးသည့် နွားအစာနုအိတ် ၂၅ ကီလို(၃၀)အိတ်နှင့် ဝက်အစာနုအိတ် ၅ ကီလို (၁၀၀) အိတ်အနက်မှ ဇလွန်မြို့နယ်အတွင်း မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ ဖြန့်ဖြူးခြင်းဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ လေးမွန်ကြည်၏ ပြောကြားချက်အရ သိရသည်။


ဝေယံ

https://t.me/MyanmarNationalPost




 



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)