ဆီဆိုင်မြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ်၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ





MNP ၊  စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီက မြို့နယ်အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် အောင်သပြေ(က)အသင်းနှင့် ဆိုက်ခေါင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အောင်သပြေ(က)အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။


ထို့နောက် ဆုချီးမြှင့်ပွဲအစီအစဉ်ကိုဆက်လက်ကျင်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် တာဝန်ရှိသူများက ဒိုင်လူကြီးမင်းများနှင့် လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးသော တာဝန်ရှိသူများကို ဂုဏ်ပြုဆွဲပြားများနှင့် မေတ္တာလက်ဆောင်တို့ကိုလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆု၊ နေရာအလိုက်အကောင်းဆုံးဆုရ အားကစားသမားများကို ဆုတံဆိပ်များနှင့်တကွ ဆုငွေများကိုလည်းကောင်း၊ အသန့်ရှင်းဆုံး ဘောလုံးအသင်းဆုကိုလည်းကောင်း၊ ဒုတိယဆုရ ဆိုက်ခေါင်ဘောလုံးအသင်းကို ငွေသားဆုငွေများနှင့် ဆွဲပြားဆုများတို့ကိုလည်းကောင်း၊ ပထမဗိုလ်စွဲသည့် အောင်သပြေ(က) အသင်းကို ငွေသားဆုငွေများ၊ ဆွဲပြားဆုများနှင့် ပထမဆုရချန်ပီယံဆုဖလားကိုလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အဆိုပါ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း (၃၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဩဂုတ်လ(၁၀)ရက်နေ့မှ စက်တင်ဘာလ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဇော်ထွန်းထံမှ သိရသည်။


မျိုးမြတ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)