တည်ငြိမ်အေးချမ်းမှုရှိရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ တရားရေးအဖွဲ့၊ ဌာနဆိုင်ရာများ အချင်းချင်းချိတ်ဆက်၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တိုက်တွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တည်ငြိမ်အေးချမ်းမှုရှိရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ တရားရေးအဖွဲ့၊ ဌာနဆိုင်ရာများ အချင်းချင်းချိတ်ဆက်၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ တိုက်တွန်း






MNP ၊ စက်တင်ဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာနှင့် တရားရေးဝန်ထမ်းများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဥပဒေအရာရှိများ၊ ပြည်နယ် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဥပဒေအထောက်အကူပြုအဖွဲ့များ၊ ရှေ့နေအဖွဲ့များနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က စစ်မှန်ပြီးစည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် တိုင်းပြည်တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အလေးအနက်ထား ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် သက်ဆိုင်ရာ တရားရေးအဖွဲ့၊ ဌာနဆိုင်ရာများ အချင်းချင်းချိတ်ဆက်၍ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက် သွားကြရန် လို ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားရေးဦးစီးမှူးတို့က တရားရေးဆိုင်ရာ အမှုအခင်းများနှင့် တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်က ဌာနဆိုင်ရာစာချုပ်များနှင့် စပ်လျဉ်း၍ ဥပဒေအကြံပြုခြင်းဆိုင်ရာ လုပ်ငန်း များကို လည်းကောင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးက တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်းအေးချမ်းရေး အတွက် လုပ်ငန်းဆောင်ရွက်မှုများကို လည်းကောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြည်နယ်တရား စီရင်ရေးဆိုင်ရာကိစ္စရပ်များ ပေါင်းစပ်ဆောင်ရွက်အဖွဲ့၏ လုပ်ငန်းတာဝန်များကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက မဲစာရင်းမှန်ကန်မှုရှိစေရေး ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးတို့တွင် အချင်းချင်းထိန်းညှိဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းဆောင်ရွက် မှုများနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က သက်ဆိုင်ရာအဖွဲ့ အစည်း၊ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် လေကြောင်းခရီးစဉ်ဖြင့် ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ ရောက်ရှိကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် ပူတာအို မြို့ လုံးစွတ်ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း ၃၅၀ ပံ့ပိုးမှုဖြင့် ဒေသတွင်း ပထမဆုံးတည်ထောင်ဖွင့်လှစ်ထားသည့် ဆန် စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါ ယမအသင်းလီမိတက်ပိုင် တစ်ရက်လျှင် ဆန် ၁၈ တန်ကျ ဆန်စက်လုပ်ငန်းကို သွားရောက် ကြည့်ရှု ကြပြီး လိုအပ်ချက်/ အခက်အခဲများကို မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင် ရွက်ပေးခဲ့ သည်။

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် အဆိုပါ ရပ်ကွက်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၁၀ သိန်းပံ့ပိုးမှုဖြင့် မွေးမြူရေးတောင်သူ ဦးမကူနော်အောင်၏ ငါးမွေးမြူ‌ရေးကန်၌ ရွှေဝါငါးကြင်း၊ ထိုင်းငါးခုံးမ၊ ငါးဂလာ၊ ငါးလိုင်၊ တီလားဗီးယားငါးနှင့် ဒေသမျိုး ရင်းငါးနီငါးကောင်ရေ တစ်သောင်းကျော် မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြပြီး ဂျိမ်းဖောစာပေနှင့်ယဉ်ကျေးမှုအသင်း အသင်းပိုင်ရုံးတည်ဆောက်ရာတွင် အကူအညီပေးနိုင်ရေး၊ မနောကွင်းမြေနေရာ ရရှိရေးနှင့် လိုအပ်ချက်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)