ချင်းပြည်နယ်အတွင်း လိုအပ်သည့် ဆရာဝန်၊ သူနာပြုများ ဖြည့်ဆည်းပေးနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်အတွင်း လိုအပ်သည့် ဆရာဝန်၊ သူနာပြုများ ဖြည့်ဆည်းပေးနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန် ပြောကြား




MNP ၊ စက်တင်ဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင် ၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့၊ နယ်မြေခံ တပ်ရင်း အစည်းအဝေးခန်းမ၌ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉)ရပ်ချမှတ်၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားနပ်ရိက္ခာဖူလုံရေးအတွက် အဓိကသီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်း သွားရန်လိုကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် နိုင်ရေး ကြိုးပမ်းသွားရန်လိုကြောင်း၊  လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကို အထူးဦးစား ပေးဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင်ကျန်းမာရေးသည် အရေးကြီးသည့်အတွက် ချင်းပြည်နယ်အတွင်း လိုအပ်သည့် ဆရာဝန်၊ သူနာပြုများ ဖြည့်ဆည်းပေးနိုင်ရေး စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အန္တိမရည်မှန်းချက်သည် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းစွာ အကောင် အထည် ဖော်နိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားသည်။

ထို့နောက် ဖလမ်းမြို့၊မြို့မိ မြို့ဖ များက ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍတို့နှင့် ပတ်သက်၍လိုအပ်ချက်များကို တင်ပြကြရာ တင်ပြချက်များအပေါ် ပညာရေးဝန်ကြီး ဌာန၊  ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေ ကြား ဆွေးနွေးကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကြရာ မြို့မိမြို့ဖ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များက လက်ခံရယူကြပြီး နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာ စကားပြောကြားကာ တက်ရောက်လာကြ သည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများအား ရင်းနှီးနှီး နှုတ်ဆက်သည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့်အဖွဲ့သည် တီးတိန်မြို့ နယ်မြေခံ တပ်ရင်းခန်းမ၌ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ၊ မြို့မိမြို့ဖ များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် က မိမိတို့နိုင်ငံတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်လျက်ရှိရာ လွတ်လပ်ပြီး တရားမျှတ သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် အရေးကြီးအဆုံး ဖြစ်သည့် အတွက် တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးမှုရရှိရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင် ရွက် ရန်လိုကြောင်း ၊ နိုင်ငံတော်အစိုးရမှ ကျန်းမာရေး၊ ပညာရေး ၊ လူငယ်ကဏ္ဍအပါအဝင် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ချင်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာဝုန်ဆွန်းထန်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးရန်လိုကြောင်း ၊ သမဝါယကဏ္ဍဖွံ့ဖြိုးရေး အတွက် အားပေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ကိုယ့်ကျင့်တရားကောင်းမွန်ရေး အတွက် ကလေးအရွယ်မှစ၍ အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း အမှာစကား ပြောကြား သည်။

ထို့နောက် တီးတိန်မြို့ မြို့မိမြို့ဖများကဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ခရီးစဉ်တွင် လိုက်ပါလာသည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူတို့က ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ် ၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဂျုံ၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေသြဇာ များကို တောင်သူများထံ ပေးအပ်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီးတို့က အမှတ်တရလက်ဆောင်များကို ပေးအပ်ကြရာ မြို့မိမြို့ဖ အဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက လက်ခံရယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)