အလုပ်သမားဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ကျား/မ စုစုပေါင်း ၂၅၅ ဦးတို့အား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုပ်သမားဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ကျား/မ စုစုပေါင်း ၂၅၅ ဦးတို့အား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ



MNP ၊ စက်တင်ဘာ ၁၁

အမေရိကန်အစိုးရ၏ ၂၀၂၃ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာပါ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်ပါသည်။


ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို တရားဝင် ပြန်လည်လွှဲပြောင်းပေးခြင်းအား သက်ဆိုင်ရာနယ်စပ်ဂိတ်များတွင် ကော်မတီများဖွဲ့စည်း၍ ပြန်လည် ကြိုဆိုလက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ကျား ၈၀၅ ဦး၊ မ ၂၅၄ ဦး၊ စုစုပေါင်း ၁,၀၅၉ ဦးတို့ကို ပြန်လည်ကြိုဆိုလက်ခံခဲ့ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားပါသည်။


အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ် (၁၅) ခုတွင် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံး (၈၉) ရုံး၊ အထူးစီးပွားရေးဇုန်ရုံး (၃) ရုံးဖွင့်လှစ်၍ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေး အက်ဥပဒေနှင့်အညီ အလုပ် သမားရှာဖွေ သူများအား အလုပ်သမားမှတ်ပုံတင်ပေးခြင်း၊ အစိုးရဌာန၊ အလုပ်သမား ၅ ဦးနှင့် အထက်ရှိသော သမဝါယမ၊ ဖက်စပ်နှင့် ပုဂ္ဂလိကလုပ်ငန်းများထံမှ အမှာစာများ လက်ခံခြင်းအမှာစာအရ သင့်တော်သည့် မှတ်ပုံတင်အလုပ်သမားများအား စုဆောင်းပေးပို့ခြင်း၊ အလုပ်ရှင်များမှ ရွေးချယ် ထားသူများကို အလုပ် ခန့်အပ်နိုင်ရန် အလုပ်ခန့်ထားရေးကတ်ပြား (အလလခ ပုံစံ-၇) ထုတ်ပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်းလည်းဖော်ပြထားသည်။


ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများသည် ပြည်ထောင်စုနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၅)ခုရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် အလုပ်ရှာဖွေ သူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်နိုင်ပြီး ယင်းကဲ့သို့ အလုပ်သမား မှတ်ပုံတင်ထားသော အလုပ် ရှာဖွေသူများအတွက် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများအနေဖြင့် အလုပ်ရှင်များထံမှ အမှာစာများလက်ခံ၍ ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် အလုပ်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိကြောင်းလည်း ဖော်ပြထားသည်။


လုပ်သားထု ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်းများတွင် ကျား (၂၅) ဦး၊ မ (-)ဦး၊ စုစုပေါင်း (၂၅) ဦးတို့အား သင်တန်းအမျိုးအစား အလိုက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းများပို့ချခဲ့ပြီး ကျား ၁၅၁ ဦး၊ မ ၁၀၄ ဦး၊ စုစုပေါင်း ၂၅၅ ဦးတို့အား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။


နေမျိုးအောင် (နေပြည်တော်)

#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)