ဂန့်ဂေါမြို့နယ်အတွင်းမှ အတိဒုက္ခရောက်နေသော ကျေးရွာများကို အမြန်ဆုံး ကူညီဆောင်ရွက်ပေးပါ (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့နယ်အတွင်းမှ အတိဒုက္ခရောက်နေသော ကျေးရွာများကို အမြန်ဆုံး ကူညီဆောင်ရွက်ပေးပါ (အိတ်ဖွင့်ပေးစာ)



MNP မှ တဆင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးဦးမင်းအောင်လှိုင်ထံသို့ -

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း  ပြည်သူစစ်ရွာ ၁၁ ရွာအား PDF/CDF/ပကဖ/ပအဖ များမှ လမ်းပိတ်ထားတာ ၅လကျော်လာခဲ့ပါပြီ။ တပ်ဘက်ကိုမေးတော့ အကြမ်းဖတ်အဖွဲ့တွေကို ပိတ်တာလို့ပြောပါတယ်။ အကြမ်းဖတ်အဖွဲ့တွေ ရှိတဲ့ရွာများမှာ လွတ်လတ်စွာ သွားလာလုပ်ကိုင်နေလို့ ရပါတယ်။

ပြည်သူ့စစ်ဖွဲ့ထားတဲ့ ၁၁ရွာမှာတော့ အကြမ်းဖတ်ဘက်မှ ပို့တဲ့မှောင်ခို ဈေးကုန်များကို မတန်တဆ ဝယ်စားနေရပါတယ်။  ပြည်သူ့စစ်ရွာဖြစ်တဲ့ မြောက်ခင်ရန်းရွာ၊ ဟံသာဝတီ၊ ကုက္ကား၊ ကြံသာ၊ လယ်ကြီးအနောက်၊ လယ်ကြီးအရှေ့၊ ဝင်ဝ၊ ကျောက်ပြုတ်၊ အင်းကျွန်း၊ ကျောက်ဆည်၊ ရွှေမေတ္တာရွာများမှာ သီးနှံများလည်းမရောင်းရပါ။

နောက်ထက်သီးနှံစိုက်ဖို့ စက်သုံးဆီများလည်း လိုအပ်နေပါတယ်ခင်ဗျာ။ နိုင်ငံတော်မှပေးသော ထောက်ပံ့ကြေးမှာလည်း ငပိ ၁ပိဿာဖိုးမျှရှိပါတယ်ခင်ဗျာ။ ငပိ ၁ပိဿာ ၆သောင်းပေးဝယ်စားရပါတယ်ဗျာ။ ဒီဇယ် ၁ဂါလံ ၁သိန်း ၈သောင်း လူကြီးမင်းတို့ စဉ်းစားပေးစေလိုပါတယ်။

ဟံသာဝတီရွာနှင့် ကုက္ကားရွာတွေမှာ လမ်းကပိတ် အလုပ်အကိုင်ကမရှိတော့ နေအိမ်များစွန့်ခွာ၍ တစ်ခြားမြို့တွေကိုပြောင်းကြပါတယ်။ ၎င်းထွက်သွားသူများထဲတွင် ပြည်သူ့စစ် အမာခံများလဲ ပါ  ပါတယ်ဗျ။ 

အဲလိုပြောရရင် သက်ဆိုင်ရာလူကြီးမင်းများ သိက္ခာကြပါတယ်။ မပြောလို့လဲမရပါ။ အကြိမ်ကြိမ် တင်ပြလဲမရပါ။ ၎င်း ၁၁ ရွာဟာ အဖိုးတန် ရတနာတွေမထွက်ပေမဲ့  စပါးကောက်ပဲသီးနှံလုံလောက်စွာထွက်ပါတယ်။ သီးနှံများမရောင်းရ၍ တောင်သူများ အခက်တွေ့နေပါတယ်။

၎င်း ၁၁ ရွာဟာ မြောက်ခင်ရန်းရွာရဲ့ တောင်ဘတ်ရွာတွေဟာ အကြမ်းဖတ်ရွာတွေဖြစ်ပါတယ်။ ကြံသာရွာရဲ့ မြောက်ဘတ်ရွာတွေဟာ အကြမ်းဖတ်ရွာတွေဖြစ်ပါတယ်။ ပြည်သူ့စစ်ရွာ ၁၁ ရွာဟာ ကြားညပ်နေပါတယ်။ သက်ဆိုင်ရာလူကြီးမင်းများ စစ်ကြောင်းထိုး၍ အမြန်ရှင်းပေးစေလိုပါတယ်ဗျ။ မဟုတ်ရင် ၎င်း၁၁ရွာဟာ အကြမ်းဖတ်နဲ့ပဲ ပေါင်းရမလိုဖြစ်နေပါပြီ။ တချို့လဲ မချစ်သော်လည်းအောင့်ကာနမ်းပေါ့။ အကြမ်းဖတ်နဲ့ တည့်အောင်နေပီး မြို့တွေပြောင်းကြတယ်ဗျ။ အကြမ်းဖတ်ကလည်း ပြောရရင် ပြည်သူစစ်ရွာတွေ လူမရှိအောင် အနုနည်းနဲ့လုပ်နေတာပေါ့ဗျာ။ ၎င်း ၁၁ ရွာဟာ ယခုစစ်ကိုင်း ဒကစရဲ့ကွပ်ကဲမူ့အောက်မှာပါဗျ။ 

နိုင်ငံတော်အကြီးအကဲများက အကြမ်းဖက်နှိမ်နင်းရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရန် အခါအားလျော်စွာ ပြောကြားခဲ့ပြီး ယခုအခါ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ပြည်သူများ အတိဒုက္ခရောက်နေရသည်ကို မျက်ကွယ်ပြုထားသည်မှာ တာဝန်မဲ့လွန်းရာ ကျပါသည်။ ဂန့်ဂေါမြို့နယ်အတွင်းရှိ ပြည်သူ့စစ်ကျေးရွာများ ကြုံတွေ့နေရသော အခက်အခဲများကို အမြန်ဆုံး ကူညီဖြေရှင်းပေးစေလိုပါသည်။


ဒေသခံ ပြည်သူတစ်ဦး

#MyanmarNationalPost

No comments:

Post a Comment