MNP ၊ စက်တင်ဘာ ၁၁
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကို ယနေ့နံနက် (၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်လတ် က ကျေးရွာများအတွက် မြစိမ်းရောင်စီမံကိန်းအရ အရင်းမပျောက် မတည်ငွေများထုတ်ပေးသည့်အတွက် ကျေးလက်နေပြည်သူများ အလုပ်အကိုင်များပိုမိုအဆင်ပြေစေရန်အတွက် အထောက်အပံ့များရရှိစေမည်ဖြစ်ကြောင်းအမှာစကားပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသံမရောင်း က ကျေးလက်ပြည်သူများအနေဖြင့် အရင်းမပျောက် မ တည်ငွေများ ပေးသည့်အတွက် လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်စေလိုကြောင်းအမှာစကားပြောကြားသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင် က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆင်ရွာကျေးရွာအုပ်စု ရှမ်းကုန်းကျေးရွာ၌ အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ် သိန်း(၃၀၀) အား ကျေးရွာမြစိမ်းရောင်းစီမံကိန်း လုပ်ငန်းအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်း ပေးအပ်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသံမရောင်း၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ သက်ဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment