ပေါက်တောမြို့၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လောကထိပ်ပန်ဆုတောင်းပြည့် ဘုရားကြီး တွင်စုပေါင်းသန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် လောကထိပ်ပန်ဆုတောင်းပြည့် ဘုရားကြီး တွင်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်






MNP ၊  စက်တင်ဘာ  ၁၁

ရခိုင်ပြည်နယ်၊စစ်​ေတွခရိုင်၊ေပါက် တောမြို့၌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့်  ယနေ့နံနက်ပိုင်းက လောကထိပ်ပန်ဆုတောင်း ပြည့်ဘုရားကြီးတွင်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။


ထိုသို့ ဆောင်ရွက်ရာတွင်    မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်ကိုကို ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များက (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်ပေါက်တောမြို့ရှိ လောကထိပ်ပန်ဆုတောင်းပြည့်ဘုရားကြီးတွင် ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် ဘုရားကြီးအနီးအနားရှိ အမှိုက်သရိုက်များ ကောက်ယူခြင်း၊ ပေါင်း၊မြက်၊ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း နှင့် ဘုရားကြီးရင်ပြင်အနီး တံမြက်စည်းလှဲခြင်း ၊  ဘုရားကြီး ပရဝဏ် အတွင်း အပြင်များတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။


ဝင်းမင်းစိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)