MNP ၊ စက်တင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာရာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီရုံးတွင် ယနေ့ နံနက်ပိုင်းက ယ္ခင်NLD ပါတီဝင်များက USDP ပါတီသို့ ဝင်ရောက်ရန် အဆိုပြုလွှာများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူများကို လက်တွေကျကျ ကူညီဆောင်ရွက်ပေးခြင်းကို ယုံကြည်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီနှင့်ပူပေါင်းလိုကြောင်း သက်ဆိုင်ရာနယ်မြေတာဝန်ခံများ၏ တင်ပြချက်အရ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးလှဆွေမှ NLD မှ ကူးပြောင်းဝင်ရောက်လာသောပါတီဝင်များနှင့် ရင်းရင်းနှီးနှီး လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ တိုင်းပါတီဥက္ကဋ္ဌ ဦးလှဆွေ၊ ပြည်ထောင်စုနယ်မြေကော်မတီဝင် စည်းရုံးရေးတာဝန်ခံ ဦးဖိုးသိန်းနှင့် ဇေယျာသီရိခရိုင်ပါတီဥက္ကဋ္ဌ ဦးနွေနှင်းမောင်၊ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ဝင်းယုအေး မြို့နယ်ယာယီပါတီဥက္ကဋ္ဌ ဦးစိုးမိုးအောင် နှင့် ကော်မတီဝင်များ ပါတီဝင်သစ်များ၊ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။
NLD ပါတီသည် ဥပဒေနှင့်အညီ ဆက်လက်ရပ်တည်ခြင်း မရှိသောကြောင့် အလိုအလျောက် ဖျက်သိမ်းခံခဲ့ရပြီး ဖြစ်သည်။
#MyanmarNationalPost
No comments:
Post a Comment