စစ်တွေခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၌ ဆုရရှိသူများအားကြိုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်တွေခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၌ ဆုရရှိသူများအားကြိုဆို






MNP ၊  စက်တင်ဘာ  ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ကျင်းပသည့် ခရိုင်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့် ပြိုင်ပွဲ၌ ရသေ့တောင်မြို့နယ် ကိုယ်စားပြု ဆုရရှိသူများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက် နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ကျောင်းသား ကျောင်းသူများ က ယနေ့နံနက် ၉ နာရီ အချိန်တွင် ရွှေပြည်တန် ဆိပ်ကမ်းတွင် ကြိုဆိုခဲ့ကြသည်။


အဆိုပါပြိုင်ပွဲတွင် ရသေ့တောင်မြို့နယ်က ပြိုင်ပွဲဝင်အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဝါသနာရှင်ပထမတန်း အဆင့် (အမျိုးသား) ခေတ်ဟောင်းတေး၊ ကာလပေါ် တေးတွင် အဆိုရှင် ဦးထွန်းဝေက ဒုတိယဆုကို လည်းကောင်း၊ ဝါသနာရှင် (ဒုတိယတန်း)  အဆင့်တွင် ဦးဇေယျာထွန်းက ပထမဆုကိုလည်းကောင်း၊ (အသက်၁၅နှစ်မှ၂၀နှစ်) အမျိုးသားခေတ်ဟောင်းကာလပေါ် တေးသီချင်းများဖြင့် အဆိုရှင်မောင်သန့်ဇင်ဦးက ဒုတိယဆုနှင့် ဝါသနာရှင်ဒုတိယတန်းအဆင့် (အမျိုးသား) ခေတ်ဟောင်းတေး / ကာလပေါ် တေးတွင် အဆိုရှင်ဦးသန်းလှိုင်က ဒုတိယဆု ကိုလည်းကောင်း အသီးသီး ရရှိခဲ့ကြောင်း သိရှိရသည်။


(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို  မြန်မာတိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရန်၊ ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုး သားယဉ်ကျေးမှု စရိုက်လကဏာများ မပျောက်ပျက်စေရန် နှင့် တိုင်းရင်းသားစည်းလုံး ညီညွှတ်မှုရှိစေရန် ရည်ရွယ်ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်းသိရှိရသည်။


ထွန်းလင်းကျော် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)