MNP ၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ် ၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ ၊စာပေချစ်မြတ်နိုးသူ ပြည်သူများထံသို့ ဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှMobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွှဲ (၂) နာရီအချိန်က လမ်းဦးစီးဌာနသို့ သွားရောက်ပြီး (အခမဲ့) ငှားရမ်းပေးကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူပြည်သူများအတွက်သုတ/ရသ၊ မဂ္ဂဇင်း နှင့်ဝတ္ထု၊ စာအုပ်စာစောင်များကို ယူဆောင်လျှက် ငှားရမ်းပေးခဲ့ကြရာ လမ်းဦးစီးဌာန ဝန်ထမ်းများကလည်း ကြိုက်နှစ်သက်ရာ သုတ/ရသမဂ္ဂဇင်း စာအုပ်စာစောင်များကို ဖတ်ရှုရန်အတွက် အားရဝမ်းသာ ငှားရမ်းခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များကို Mobile စနစ်ဖြင့် ငှားပေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများသာမက ပြည်သူများ အလွယ်တကူဖတ်ရှုနိုင်ကြရန်အတွက် အိမ်တိုင်ရာရောက်စနစ်ဖြင့်လည်း အခမဲ့ငှားရမ်းပေးခြင်းနှင့် လူငယ်များအတွက် ကာယ၊ ဉာဏ၊ စာရိတ္တများဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ပြပွဲ ၊ ပြိုင်ပွဲများ ဟောပြောပွဲများကို ကျင်းပပေးလျှက်ရှိကြောင်း သိရသည်။
အောင်တင်ကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment