ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ဝန်ကြီးများ အမ်းခရိုင်/အမ်းမြို့ နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ဝန်ကြီးများ အမ်းခရိုင်/အမ်းမြို့ နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစစ်ဆေးဆောင်ရွက်






MNP ၊  စက်တင်ဘာ  ၁၁

    ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ဝန်ကြီးများသည် စက်တင်ဘာ ၁၁ ရက် နံနက်တွင် အမ်းခရိုင် အမ်းမြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ဆောင်ရွက်ရန်လို အပ်ချက်များအားလှည့်လည်ကြည့်ရှု  စစ်ဆေးခဲ့ကြကြောင်းသိရသည်။


      ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ ၊သယံဇာတ​ရေးရာဝန်ကြီး ဦးသန်းထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့သည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များလိုက်ပါ၍ အမ်းမြို့နယ်အတွင်းရှိ ပညာရေးဝန်ကြီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေ ကျပ်သန်း ၉၄၈.၈၀၀ ကျပ်ဖြင့် Arakan Universe Co..Ltd မှတာဝန်ခံ တည်ဆောက်လျက်ရှိသည့် အမှတ်(၁)အထက စက်မှုစိုက်ပျိုးနှင့်မွေးမြူရေးအထက်တန်းကျောင်း RCC သုံးထပ်ကျောင်းဆောင်သစ် ဆောက် လုပ်နေသည့်လုပ်ငန်းခွင်သို့သွား ရောက်ခဲ့ပြီး တည်ဆောက်ရေးကိစ္စများနှင့်ပတ်သက်၍ ဆောက်ရေးတာဝန်ခံများနှင့်တွေ့ဆုံကာ RCCသုံးထပ် ကျောင်းဆောင် သစ်အား စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်အရည်အသွေးများပြည့်မှီစေရေးသတ်မှတ်အချိန် ကာလ၌ပြီးစီးရေးတို့အား လမ်းညွှန်မှာကြားကာ ကျောင်း ဆောင်သစ်ဆောက်လုပ်နေမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


      ဆက်လက်၍လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် အမ်း​မြို့မြို့မစျေးဆောက် လုပ်မည့်မြေနေရာသို့သွားရောက်ခဲ့ပြီး မြို့မစျေးအား BOT စနစ်ဖြင့်တည်ဆောက်မည့်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မြို့မစျေးဆောက်လုပ်မည့်ကိစ္စနှင့်ပတ် သက်၍ လမ်းညွှန်မှာကြားကာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်မြစ်ရေ တင်စီမံကိန်းဖြင့် စပါးနှင့်ဆောင်းသီးနှံများသီးထပ်သီးညှပ်စိုက်ပျိုးဆောင်ရွက်မည့် အမ်းမြောက်ကျေးရွာအုပ်စုဆူးပုတ်ပျဉ်းတောကျေးရွာသို့သွားရောက်၍ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်

လျှပ်စစ်မြစ်ရေတင်စီမံကိန်းဆောင်ရွက်ရန် လိုအပ်ချက်များ နှင့်ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ချင်ကိုင်ချင်သည့် စိတ်ဓတ်များရှိစေရန်၊ သီးနှံစိုက်ပျိုးပါက မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ဓာတ်မြေဩဇာ၊ သဘာဝမြေဩ ဇာသုံးစွဲနိုင်ရေး၊ လျှပ်စစ် ကို အကျိုးရှိရှိသုံးစွဲနိုင်ရေး၊ စိုက်ပျိုး ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် နည်းစနစ်များမှန်ကန်‌ရေး၊ သီးနှံပင်များအားစိုက်ပျိုးဆောင် ရွက်မည့်အစီအစဉ်များကို ကြို တင်ဆောင်ရွက်ကြရန်လိုကြောင်း၊ အေးချမ်းတည်ငြိမ်မှုရှိမှ ကျေးရွာဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လျှပ်စစ်မြစ်ရေတင်စီမံကိန်း

ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှု၍ လိုအပ် ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)