MNP ၊ စက်တင်ဘာ ၁၁
မွန်ပြည်နယ်၊ကျိုက်ထိုမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာ(၁၁)ရက် မွန်းလွဲ ၁ နာရီက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲ၊စွမ်းရည်ပြိုင်ပွဲနှင့်စာအုပ်စာစောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က ကျောင်းသား၊ကျောင်းသူများအား လူကုန်ကူးမှုဆိုသည်မှာ၊လူကုန်ကူးမှု မခံရအောင်သိရှိထားရမည့်အချက်များ၊သတိပြုရမည့်အချက်များနှင့် အားလပ်ချိန်တွင် ကျောင်းစာသာမကပြင်ပစာပေများကို လေ့လာဖတ်ရှုကြရေး တို့ကိုဆွေးနွေးပြောကြားပြီး လူကုန်ကူးမှုအန္တရာယ်နှင့်ပက်သက်သည့် ဉာဏ်စမ်း ပြိုင်ပွဲများပြုလုပ်ကာ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင် များကို ပြသဆောင်ရွက်ခဲ့ ရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment