MNP ၊ စက်တင်ဘာ ၁၁
မွန်ပြည်နယ်၊မော်လမြိုင်မြို့၌ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့်ဆန်စ ပါးကုန်သည်များအသင်းမှစားသုံးသူပြည်သူများ ဈေးနှုန်းသက်သာစွာဝယ်ယူနိုင်ရေးအတွက်ဆန်တစ်ပြည် (၂၅၀၀ိ/-)ကျပ်နှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ဆန်ရောင်းချပေးရာတွင်ဆန်စပါးကုန်သည်များအသင်းက ၇.၇.၂၀၂၃ ရက်နေ့မှစ၍ သံလွင်ဈေး၌ စနေ၊ တနင်္ဂနွေ နေ့များတွင် ဧည့်မထဆန် ၂၄ပြည်အိတ်(၁၀၀)ကို ရောင်းချပေးလျက်ရှိပါသည်။ ထို့ပြင် ၅.၉.၂၀၂၃ ရက်နေ့မှစ၍ အင်္ဂါ၊ ကြာသပတေးနေ့များတွင် ရွှေ့လျားမော်တော် ယာဥ်ဖြင့် သာယာအေးရပ်ကွက်နှင့်သီရိမြိုင်ရပ်ကွက်တွင် ၂၄ပြည် အိတ်(၁၀၀)ကို ရောင်းချပေးလျက်ရှိသည်။
ထို့သို ရောင်းချရာတွင် လူတစ်ဦးကို ဆန်၂ပြည်နှုန်းနှင့် (၅၀)အိတ်ကို လူဦးရေ(၆၀၀)ခန့် ဝယ်ယူလျက်ရှိကြောင်း ဆန်စပါးကုန်သည်များထံမှသိရသည်။
အလားတူပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့နှင့်မုတ္တမမြို့များတွင် ဆန်တစ်ပြည်(၂၅၀ဝိ/-)နှုန်းဖြင့်ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment