တောင်ကုတ်မြို့၌ ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲ နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ









MNP ၊  စက်တင်ဘာ  ၆

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင် ခရိုင်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲ (ဒုတိယနေ့)နှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် အချိန်တွင် မြို့နယ်ခန်းမ၌ဆက်လက်ကျင်းပပြုလုပ်သည်။


ဒုတိယနေ့ပြိုင်ပွဲများအဖြစ် အမျိုးဂုဏ် ၊ ဇာတိဂုဏ်မြှင့်တင်ရေးတေး အဆိုပြိုင်ပွဲတွင် အဆင့်မြင့် ပညာအဆင့်(အမျိုးသား) ၊ (အမျိုးသမီး)ပြိုင်ပွဲများကိုလည်းကောင်း  ၊ ဝါသနာရှင်(ဒုတိယတန်း)အဆင့် (အမျိုးသား)ပြိုင်ပွဲများကိုလည်းကောင်း၊ ဝါသနာရှင်(ဒုတိယတန်း)အဆင့်(အမျိုးသမီး)ပြိုင်ပွဲ များကို လည်းကောင်း ကျင်းပပြုလုပ်သည်။


ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ပြိုင်ပွဲများကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် က အမှာစကားပြောကြားပြီးနောက် ပြိုင်ပွဲများအလိုက်ဆု ရရှိကြသူများ အားဆုချီးမြှင့်ခြင်းနှင့် ပြိုင်ပွဲများတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည့် ဒိုင်အဖွဲ့ဝင်များ ၊ အတတ်ပညာရှင်များနှင့်အလှူရှင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင် နှင့် တာဝန်ရှိ သူများက ဆုချီးမြှင့်ငွေများနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြသည်။


အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ ၊ တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင် နှင့် ပါမောက္ခများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ပြိုင်ပွဲဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)