MNP ၊ စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ် တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲ၊ဓာတ်ပုံပြပွဲ၊စာအုပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်တင်တင်က ကလေးအလုပ်သမားဖြစ်စေသည့် အကြောင်းရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဉပဒေများ၊ အခွင့်အရေးများအကြောင်းကို အသိပညာပေး ဟောပြောသည်။
ထို့ပြင် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများ၊ဒေသနေ ကလေးသူငယ်များ က ခန်းမအတွင်း ပြသထား သည့်စာအုပ်စာစောင်များ ၊ ကလေးအလုပ်သမားများပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင် နှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်နှင့်မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment