MNP ၊ စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက် ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်ခြင်းကို မြောက်ဦးမြို့ အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီအချိန်က လေးဘေးသင့်အိမ်ထောင်စု ဝင်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။
နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ဆန်အိတ်(၅၀၀၀) အိတ် နှင့် စားသောက်ဖွယ်ရာများ ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူများက မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် လေဘေးသင့်ပြည်သူများကိုယ်စား ကျေးရွာအ လိုက် ကျေးရွာ၊အုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment