MNP - စက်တင်ဘာ ၁၄
ဘိုင်ယန်မြူးနစ်နှင့် ဂျာမနီလက်ရွေးစင်အသင်းနည်းပြဟောင်း ဟန်စီဖလစ်က ဂျပန်အသင်းကို အိမ်ကွင်းမှာ ၁-၄ဖြင့် အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ဂျာမနီအသင်းကနေ အထုတ်ပယ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပြန်လည် ပြောကြားခဲ့သည်။
ဟန်စီဖလစ်က"ကျွန်တော်တို့က အသင်းကို အမြဲတမ်း ပြီးပြည့်စုံအောင်အရာအားလုံးကို ပြင်ဆင်ပြီး အကောင်းဆုံးကြိုးစားခဲ့ပါတယ်၊ ကျွန်တော် အဲဒါကို ကောင်းကောင်းလုပ်ခဲ့တယ်လို့ ထင်ပါတယ်ဟုတ်တယ်၊ ငါက မှန်ကန်တဲ့ နည်းပြတစ်ယောက်ပါ”ဟု ပြောကြားခဲ့သည်။
ဆက်လက်ပြီး ဟန်စီဖလစ်က လက်ရွေးစင်အသင်းနည်းပြဘ၀ ဖိအားတွေနဲ့ပတ်သက်ပြီး “ကျွန်တော်က ဂျာမန်နည်းပြရာထူးအတွက် ထိုက်တန်တယ်လို့ ခံစားမိနေတုန်းပါပဲ။ ဒါပေမယ့် ဘောလုံးက ပုံသေမဟုတ်ဘူးဆိုတာလည်း သိပါတယ်၊ ဒါကြောင့် နောက်ဘာဆက်ဖြစ်မလဲဆိုတာ မခန့်မှန်းနိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။
ဟန်စီဖလစ်က “ကျွန်တော်နဲ့ ကျွန်တော့်ဝန်ထမ်းတွေ၊ အသင်းကို ပြီးပြည့်စုံအောင် ပြင်ဆင်ဖို့ ကျွန်တော်တို့ အကောင်းဆုံး လုပ်ဆောင်နေခဲ့ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။
souce - Fabrizio Romano
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment