နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ









MNP ၊ စက်တင်ဘာ ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်တို့သည် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့မွန်းလွဲပိုင်းတွင် နယ်မြေခံဒေသကွပ်ကဲမှုဌာနချုပ်ခန်းမ၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က ဝန်ထမ်းများနှင့်တွေ့ဆုံရ၍ များစွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ချင်းပြည်နယ်အနေဖြင့် ရာသီဥတုအခြေအနေ၊ လမ်းပန်းဆက်သွယ်မှုအခြေအနေအရ ခက်ခဲ၍ ယခုကဲ့သို့ တွေ့ဆုံအားပေးရခြင်း ဖြစ်ပါကြောင်း၊ အစစအရာရာအဆင်ပြေစေရေး တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေနှင့် ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းတို့က မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကလေးခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စုပေါင်းရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာအလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၏ မေးမြန်းတင်ပြချက်များအပေါ် ဆွေးနွေးဖြေရှင်းပေးခဲ့ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment