မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄) မြို့နယ် တက္ကသိုလ်ပေါင်းစုံ ကလပ်အသင်း ပေါင်းစုံနှင့် ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄) မြို့နယ် တက္ကသိုလ်ပေါင်းစုံ ကလပ်အသင်း ပေါင်းစုံနှင့် ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ



MNP ၊  စက်တင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄) မြို့နယ် တက္ကသိုလ်ပေါင်းစုံ ကလပ်ပေါင်းစုံးနှင့် ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ   ၃ နာရီအချိန်က မိတ္ထီလာမြို့နယ် ပေါက်ချောင်းအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။


ဖွင့်ပွဲအခမ်းအနားတွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ခရိုင်အတွင်း ထူးချွန်သောအားကစားသမားများ ပေါ်ထွက်လာစေရန်၊ လူငယ်များ အားကစားလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ ဖြစ်လာစေရေး၊ (၄) မြို့နယ် တက္ကသိုလ်ပေါင်းစုံ ကလပ်ပေါင်းစုံ ဌာနပေါင်းစုံ ပြိုင်ပွဲဝင် အသင်းသားများမှ အားကစားသမားအချင်းချင်း  ချစ်ကြည်ရင်းနှီးမှုရရှိလာစေရန်နှင့် ခရိုင်အဆင့် လက်ရွေးစင် ၊ တိုင်းအဆင့်လက်ရွေးစင်နှင့် မြန်မာ့လက်ရွေးစင်စသည့်ဖြင့် ထူးချွန်ထက်မြက်တဲ့ အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လက်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနောက် ပြိုင်ပွဲဝင်အသင်းသားများက အားကစားသစ္စာအဓိဌာန် (၄) ချက်ကို ရွတ်ဆိုခဲ့ပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြသည်။


ယင်းနောက် ဘောလုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပို့ဆက်အသင်းနှင့် မလှိုင်အသင်းတို့ ယှဉ်ပြိုင်မှု ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးကျော်စိုးနိုင်နှင့်  ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှု အားပေးခဲ့ကြသည်။


အဆိုပါ ၂၀၂၃ခုနှစ်၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄) မြို့နယ် တက္ကသိုလ်ပေါင်းစုံ ကလပ်ပေါင်းစုံးနှင့် ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၁၅ရက်နေမှ ၃၀ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။


သိန်းမြင့်ကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)