ကျောက်ကြီးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်း၍ အိမ်ထောင်စုများ ပြောင်းရွှေ့ရမှုအခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ကြီးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်း၍ အိမ်ထောင်စုများ ပြောင်းရွှေ့ရမှုအခြေအနေအား တာဝန်ရှိသူများ ကြည့်ရှုအားပေး






MNP ၊  စက်တင်ဘာ  ၁၅

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်း၍ မြို့ပေါ်ရပ်ကွက် အနိမ့်ပိုင်းနေထိုင်သူအိမ်ထောင်စုများ ပြောင်းရွှေ့ရမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့‌ကြောင်း သိရသည်။


ကျောက်ကြီးမြို့နယ်တွင် စက်တင်ဘာ ၁၃ရက်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မိုးရေချိန် ၃.၇၆ လက်မရှိခဲ့ကာ တောင်ကျရေများမှာလည်း ကျောက်ကြီးချောင်းတွင်းသို့ စီးဝင်မှုကြောင့် မြို့ပေါ်ချောင်းကမ်းနံဘေးနှင့် အင်းစောင်းများအနီး အနိမ့်ပိုင်းရပ်ကွက်များတွင်းသို့ ရေဝင်ရောက်မှုများရှိသဖြင့် လူသားချင်းစာနာထောက်ထားမှုအရ  မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။


အဆိုပါကြည့်ရှုအား‌ပေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဦးဆောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောက်ကြီးမြို့ပေါ် ရပ်ကွက်များဖြစ်သည့် ပဲခူးရပ်ကွက်နှင့်ကပ်ကျေးရပ်ကွက် အနိမ့်ပိုင်းတွင်နေထိုင်သည့် အိမ်ထောင်စုဝင်မိသားစုများအား ချောင်းရေဝင်ရောက်မှုကြောင့် နေထိုင်ရန်အခက်အခဲရှိမရှိ၊ အိမ်မွေးတိရစ္ဆာန်များ ထားရှိမှုအခြေအနေများအား ကြည့်ရှုခြင်း၊ အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


ကျောက်ကြီးချောင်း ရေဝင်ရောက်မှုကြောင့် ပဲခူးရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၉) စု၊ ကျား (၂၀) မ (၁၈) ပေါင်း (၃၈) ဦးနှင့် ကပ်ကျေးရပ်ကွက်အတွင်းရှိ အိမ်ထောင်စု (၇) စု၊ ကျား (၉) မ (၂၆) ပေါင်း (၃၅) ဦး၊ စုစုပေါင်း အိမ်ထောင်စု (၁၆) စု၊ ကျား (၂၉) ဦး မ (၄၄) ဦး စုစုပေါင်း (၇၃) ဦးတို့အား နီးစပ်ရာဆွေမျိုးများအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်နိုင်ရေး စီစဥ်ဆောင်ရွက်ပေးခဲ့ပြီး  စစ်တောင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ (၉၃၀cm)၊ လက်ရှိအခြေအနေတွင် စစ်တောင်းမြစ်ရေ ရေအမှတ်မှာ (၇၁၀cm) သာရှိပြီး ကျောက်ကြီးချောင်းရေသည် တောင်ကျရေဝင်ရောက်မှုကြောင့် ၂.၅ ပေခန့် မြင့်တက်လာခြင်းဖြစ်၍ စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)