MNP ၊ စက်တင်ဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်ပသို့မွေးမြူရေး ရေချိုပုစွန်များ တင်ပို့နိုင်ရေးဒေသခံ ပုစွန်မွေးတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်၉နာရီအချိန်က တွံတေးခရိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန၊ ရုံးချုပ် (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြမြဆင့်က တွံတေးမြို့နယ်အတွင်းရှိ ရေချိုပုစွန်မွေးမြူသော တောင်သူများအား မွေးမြူရေကန်များ GACC သို့ တင်ပို့ရန်အတွက် မှတ်ပုံတင်ရန်လိုအပ်ချက်များ၊ မှတ်ပုံတင်ရန်အချက်အလက်များ တောင်းခံခြင်း၊ မှတ်ပုံတင်ရန်အတွက် လိုအပ်အချက်အလက်များ၊ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့်မွေးမြူရေး ရေထွတ်ကုန်များစာရင်း၊ မွေးမြူရေးထုတ်ကုန်များနှင့်စပ်လျဥ်း၍ GACC မှ တောင်းခံလာသည့်အချက်များ၊ မြန်မာနိုင်ငံရေထွတ်ကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းစဥ်များ၊ အစာထုတ်လုပ်သူ၊ သားဖောက်ရုံ၊ အစာဖြန့်ဝေသူ၊ သားဖောက်ရုံမှမွေးကန်သို့သယ်ယူသည့် လမ်းတလျောက်အထောက်အထားစာရွက်စာတမ်း၊ ဓာတုပစ္စည်းထောက်ပံ့သူများ၊ မွေးမြူရေးကန်များက GAqP စနစ်ဖြင့်မွေးမြူရေးများအကြောင်း ဟောပြောဆွေးနွေးကာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်က ပြုပြင်ထုတ်လုပ်မှု၊ ပြည်ပတင်ပို့သူများအကြောင်း ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ဖြည့်စွက်ဆွေးနွေးကာ တက်ရောက်လာသော မွေးမြူရေးတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမွေးမြူရေး ရေချိုပုစွန်အသင်းဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းမြင့်က ပြည်ပသို့မွေးမြူရေးပုစွန်တင်ပို့မှု၊ ပြည်တွင်းရေချိုပုစွန်မွေးမြူနေမှုတို့အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာကြသော ရေချိုပုစွန်မေးမြူသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဖြေကြားခဲ့ကြကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြမြဆင့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှူးရုံးမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်၊ မြန်မာနိုင်ငံမွေးမြူရေး ရေချိုပုစွန်အသင်းဥက္ကဋ္ဌ ဦးကျော်ထွန်းမြင့်နှင့် တွံတေးမြို့နယ်အတွင်းမှ ရေချိုပုစွန်မွေးမြူသူ (၃၅) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment