ဟင်္သာတမြို့၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ ကြေးငွေများ ပေးအပ်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ ကြေးငွေများ ပေးအပ်လျက်ရှိ


MNP ၊  စက်တင်ဘာ  ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ ကိုယ်ဝန်ဆောင် မိခင်နှင့် နှစ်နှစ်အောက် က လေးငယ်များအား အာယာရဖွံ့ဖြိုးစေရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဟင်္သာတခရိုင် လူမှုဝန်ထမ်းရုံးမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပထမသုံးလပတ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက သတ်မှတ်စု ရပ်နေရာများတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။


ထိုသို့ ထောက်ပံ့ပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အိအိခင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များရှိသတ်မှတ် စုရပ်များတွင်‌ ထောက်ပံ့‌ ပေးအပ်ခဲ့သည်။


ဟင်္သာတမြို့နယ်အတွင်း ကိုယ်ဝန်ဆောင် မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ သုံးလပတ် ဧပြီ၊ မေ၊ ဇွန်လ များ အတွက် ကိုယ်ဝန်ဆောင်မိခင် ၁၈၃၉ ဦး၊ အသက် နှစ်နှစ်အောက် ကလေး သူငယ် ၄၀၂၂ ဦးရှိရာ မြို့နယ်အတွင်း အကျိူးခံ စားခွင့်ရှိသူ စုစုပေါင်း (၅၈၆၁)ဦး အတွက် စုစုပေါင်း ငွေကျပ် (၂၅၄၆၈၅၀၀၀) ကျပ် အား ရပ်ကွက်ကျေးရွာအုပ်စု များတွင်လည်းသက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက တဆင့် ဆက်လက် ထောက်ပံ့ပေးမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)