ပူတာအို၌ မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအို၌ မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်


MNP ၊  စက်တင်ဘာ  ၁၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံ ကပ်ပြဘုတ်တွင် ပြည်သူများအလွယ်တကူ ဖတ်ရှုလေ့လာပြီး အသိပညာဗဟုသုတရရှိစေရန်နှင့် မိုးကြိုးဘေးအန္တရာယ်ကာကွယ်ရေးကို ပြည်သူများသိရှိပြီး လိုက်နာလာစေရန်အတွက် မိုးကြိုးဘေးအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး နံရံကပ်စာစောင်ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လည်ပိုင်းက ကျောင်းသားကျောင်းသူများ စိတ်ဝင်တစား လာရောက်လေ့လာခဲ့ကြောင်း သိရသည်။


အဆိုပါနံရံကပ်ပြဘုတ်တွင် မိုးကြိုးပစ်ရခြင်းအကြောင်း၊ ဖြစ်ပွားတတ်သောအချိန်ကာလနှင့် အဖြစ်အများဆုံးအချိန်၊ အိမ်အတွင်းတွင် ရှိနေပါက ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ အိမ်အပြင် ရောက်ရှိနေပါက ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ကားမောင်းနေပါက ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မိုးတွင်းကာလအတွင်း မိုးကြိုးအန္တရာယ်ကို ကာကွယ်ရမည့်နည်းလမ်းများ၊ လျှပ်စီးလက်၍ မိုးထစ်ချုန်းနေစဉ် လွင်တီးပြင်တွင်ရှိနေပါက လိုက်နာရန်အချက်များ၊ လျှပ်စီးလက်၍ မိုးထစ်ချုန်းနေစဉ် နေအိမ်အတွင်းရှိနေပါက လိုက်နာရန်အချက်များပါဝင်သော နံရံကပ်များကိုအသိပညာ ပေးပြသထားခြင်းဖြစ်သည်။


ထို့အပြင် နံရံကပ်ပြဘုတ်တွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရေးအတွက် ခရိုင်/မြို့နယ်လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် အသိပညာပေးဆောင်ပုဒ်များကို ပြသဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဖုန်ကန်

https://t.me/MyanmarNationalPost




No comments:

Post a Comment