နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မိုးညှင်းခရိုင်အတွင်းရှိ လူထုနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ မိုးညှင်းခရိုင်အတွင်းရှိ လူထုနှင့်တွေ့ဆုံ







MNP ၊ စက်တင်ဘာ ၁၄

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်ဖြင့် ဗန်းမော်မြို့မှ မိုးညှင်းခရိုင် မိုးညှင်းမြို့သို့ ရောက်ရှိကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မိုးညှင်းမြို့ မြို့တော်ခန်းမ၌ ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်အသင်းအဖွဲ့များ၊ MSME လုပ်ငန်းရှင်များ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သည့် ကျေးရွာလုပ်ငန်းစီမံကိန်းအဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ကို ရေးဆွဲချမှတ်ပြီး နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းထုတ်ကုန်များတိုးတက်မြှင့်မားရန် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ပေးရေး၊ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ပြည့်ဝသော၊ ဗလငါးတန်နှင့်ပြည့်စုံသော အနာဂါတ်လူငယ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလိုရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးရေးဖြစ်ထွန်းသည့် မိုးညှင်းဒေသခံပြည်သူများအနေဖြင့်လည်း မိမိတို့ဒေသတွင်း စိုက်ပျိုး‌ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတစ်ဦးချင်းစီက အတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့်‌ ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကိုတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့က စီမံဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ဖြည့်စွက်ရှင်းလင်းပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းပေးနိုင်ရေး ဖြေရှင်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း(မိုးညှင်း)သို့ရောက်ရှိပြီး  ကျောင်းသား/ ကျောင်းသူများ IBPD Centre ၌ သင်ကြားနေမှု၊ အင်္ဂလိပ်စာစွမ်းရည်သင်ကြားနေမှုနှင့် လက်တွေ့စွမ်းရည်ပြသထားသည့် Project များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ မိုးညှင်းတက္ကသိုလ်၌ အသစ်တည်ဆောက်ပြီးစီးသည့် (၃)ထပ်စာသင်ဆောင်များဖွင့်ပွဲသို့ တက်ရောက်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် (၅၇၄)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် (၃)ထပ် စာသင်ဆောင်သစ် ဥဿဖရားဆောင်နှင့် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ်(၇၈၂ ဒသမ ၁၀)သန်းဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် (၃)ထပ်စာသင်ဆောင်သစ် မြရတနာဆောင်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပါမောက္ခချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment