မအီမြို့ အထက်တန်းကျောင်း၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ အထက်တန်းကျောင်း၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံ





MNP ၊  စက်တင်ဘာ  ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မအီမြို့ အ.ထ.က  ကျောင်းခန်းမ၌ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ဦးဆောင်ကြီးမှူး၍ အမျိုးသမီးကျန်းမာရေးဆရာမများက အသက် ၉ နှစ်ပြည့်ပြီး၊ ၁၂ နှစ်မကျော်သော ကျောင်းသူလေးများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။


(HPV) သားအိမ်ခေါင်းကင်ဆာရောဂါမထိုးနှံမီ မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက HPV သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ယခု ထိုးနှံပေးမည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အရည်အသွေးမီ အသိအမှတ်ပြုကြောင်းရရှိထားပြီး နိုင်ငံတကာသုတေသနပြုချက်များအရ ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေး ဖြစ်ပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့်အတွက် အဆိုပါရောဂါကိုကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သားအိမ်ခေါင်း ရောဂါကာကွယ်ဆေးကိုထိုးနှံပေးမည့် အမျိုးသမီးငယ်များ၏ အသက်အပိုင်း အခြားမှာ အသက် ၉ နှစ် ပြည့်ပြီးမှ ၁၂ နှစ် မကျော်သော အရွယ်ရှိရမည်ဖြစ်ကြောင်း၊ ဆေးအမျိုးအစားမှာ WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ အရည်အသွေးကောင်းမွန်သည့် ဆေးဖြစ်ကြောင်း၊ ပြင်ပတွင်ထိုးနှံပါက ကုန်ကျစရိတ်များပြားသည့်အတွက် နိုင်ငံတော်မှအခမဲ့အစီအစဥ်ဖြင့် ကျောင်းအခြေပြုထိုးနှံရာတွင် လည်းကောင်း၊ ရပ်ရွာအတွင်းအခြေပြုထိုးနှံရာတွင်လည်းကောင်း မပျက်မကွက်ထိုးနှံသွားရန် တိုက်တွန်းလိုကြောင်း၊ ကျန်ရှိနေသည့် အခြေခံပညာကျောင်းများ အနေဖြင့် ကာကွယ်ဆေးထိုးနှံရန် အသက်ပြည့်မီသူများအား သတ်မှတ်ပုံစံများဖြင့် စာရင်းကောက်ယူပေးထားရန်လိုကြောင်း၊ ကျောင်းအုပ်ကြီးများမှ ကာကွယ်ဆေး ထိုးနှံရမည့် ကျောင်းသူအမျိုးသမီးငယ်များ မကျန်ရှိစေရေး စာရင်းကောက်ယူခြင်းနှင့် နှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့သည်။


ထို့နောက် HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးအား အ.ထ.က (မအီ) ဆေးထိုးစုရပ်၌ ကျောင်းသူ (၉၀) ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။ အလားတူ HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ ယခုလ (၂၈)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်နေ့ မနက်ဖြန်တွင် ကျော်ကိုင်းကျေးရွာအုပ်စု၊ ကျောက်ဝေကျေးရွာအုပ်စုများရှိ ဆေးထိုးစုရပ်များတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)