MNP ၊ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအပါအဝင် ထုတ်လုပ်မှု လျှော့ချရေးနှင့် အစားထိုးဖွင့်ဖြိုးရေး သုံးစွဲမှုလျော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ် လျှော့ချရေး မဟာဗျူဟာ (၂)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရေးအတွက် မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာလ ၄ ရက် နံနက် (၁၁)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဝဏ္ဏထွန်းက အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ NGO အဖွဲ့များနှင့် ရပ်မိရပ်ဖများက မော်လိုက်ခရိုင်အနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်နေမှုမရှိသည့်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်း များ၊ ရှာဖွေဖမ်းဆီး ရေးလုပ်ငန်းများ၊ အသိပညာပေးရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် အသီးသီးညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် တက်ရောက်ကြသူများက လည်းအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး လအတွင်း ဆောင်ရွက်ချက်များကို သုံးသပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment