ညောင်ဦးမြို့၌ ဆေးလိပ်ငွေ့ကင်းစင်ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့၌ ဆေးလိပ်ငွေ့ကင်းစင်ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊  စက်တင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၆ ရက်၊ နံနက် ၁၀ နာရီအချိန်က ဆေးလိပ်ငွေ့ကင်းစင်ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသတစ်ခွင် လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှုတစ်ခွင် လုပ်ငန်းကြီးကြပ်ရေးကော်မတီ နာယက ဦးတိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီမွန်း(ဒုတိယညွှန်ကြားရေးမှူး)က ညောင်ဦးမြို့၊ ပုဂံမြို့နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဇုံ(၃)ဇုံခွဲထားပြီး ဇုံအလိုက်တာဝန်ယူလုပ်ကိုင်နေမှုများ၊ ရှေးဟောင်းဘုရားများ၊ စားသောက်ဆိုင်များနှင့် ဟိုတယ်များတွင် ဆေးလိပ်သောက်ခွင့်ပြုသောနေရာ၊ ဆေးလိပ်သောက်ခွင့် မပြုသောနေရာများ၊ မြေစိုက်ဘုတ်စိုက် ထူထားရှိမှုများအား ရှင်းလင်းဆွေးနွေးကာ ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ် ကျေးမှုဒေသတစ်ခွင် လုပ်ငန်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာရွှေစင်မှ ဆက်လက်ဆွေးနွေးကာ လုပ်ငန်းကော်မတီအစည်းအဝေး တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြသည်။


အဆိုပါ ဆေးလိပ်ငွေ့ကင်းစင် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသတစ်ခွင်လုပ်ငန်းကော်မတီ အစည်းအဝေးသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း၊ ဧည့်လမ်းညွှန်များအသင်းမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။


ဒီပါလင်း

https://t.me/MyanmarNationalPost






No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)