ရသေ့တောင်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်





MNP ၊  စက်တင်ဘာ  ၆

ရခိုင်ပြည်နယ်၊  စစ်တွေခရိုင် ၊ရ‌သေ့တောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက်ပိုင်းက "ရုံးလုပ်ငန်းလက်စွဲ" စာအုပ်ဖြင့် ရုံးတွင်း စာဖတ်ဝိုင်းပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သူဟိန်းက ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းသည် ရုံးလုပ်ငန်းများကို ဝန်ထမ်းများ စနစ်တကျ ပိုမိုသိရှိနားလည်တတ်ကျွမ်းလာစေရန်၊ ရုံးစာများ ရေးသားရာတွင် သတိပြုဂရုစိုက်ရမည့်အကြောင်းအရင်းများကို သိရှိနားလည်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ပြောဆိုဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး အခန်း(၁)ပါ ရုံးလုပ်ငန်းသဘောတရားမျာူကို ဖတ်ကြားဆွေးနွေးသည်။

  ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးနှင့်ဝန်ထမ်းများက ရုံးလုပ်ငန်းလက်စွဲပါ  ရုံးလုပ်ငန်းသဘောတရားများမှ ရည်ရွယ်ချက်၊ရုံးလုပ်ငန်းအဓိပ္ပါယ်၊ပင်မလုပ်ငန်း၊အထောက်အကူပြုရုံးလုပ်ငန်း၊အဖွဲ့အစည်း၊ဆက်စပ်မှုရှနခြင်း၊ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုရှိရခြင်း၊ပြီးပြည့်စုံသောရုံးလုပ်ငန်း၊စနစ်ရှိရခြင်း၊စည်းကမ်းရှိရခြင်းစသည်တို့ကို အသီးသီးဖတ်ကြားကြပြီး၊ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူးက မေးမြန်းချက်များအပေါ်ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost




No comments:

Post a Comment