ပန်းတောင်းမြို့နယ် ကျွန်းမီးကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ရေတက်ရောက်မှုကြောင့် စာသင်ကျောင်း(၁)ကျောင်း ယာယီပိတ်ထားရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ် ကျွန်းမီးကျေးရွာအုပ်စုအတွင်း ဧရာဝတီမြစ်ရေတက်ရောက်မှုကြောင့် စာသင်ကျောင်း(၁)ကျောင်း ယာယီပိတ်ထားရ



MNP ၊  စက်တင်ဘာ  ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျွန်းမီးကျေးရွာအုပ်စု မြစိမ်းကျေးရွာရှိအ.လ.က(မြစိမ်း) စာသင်ကျောင်းဝန်းအတွင်းသို့ ယမန်နေ့နေ့လယ်ပိုင်းက မြစ်ရေဝင်ရောက်သဖြင့် စာသင်ကျောင်း(၁)ကျောင်း ယာယီပိတ်ထားရကြောင်း သိရသည်။


အဆိုပါ ကျွန်းမီးကျေးရွာအုပ်စု မြစိမ်းကျေးရွာရှိအ.လ.က(မြစိမ်း) စာသင်ကျောင်းဝန်းအတွင်းသို့ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်ခဲ့၍ မြစ်ရေ(၁)ပေခွဲခန့်ဝင်ရောက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းတက်ရန်အခက်အခဲရှိသဖြင့် စက်တင်ဘာ ၅ ရက် နေ့လယ် ၂ နာရီ ၄၀ မိနစ် အချိန်မှစ၍ ယာယီကျောင်းပိတ်ထားရှိကြောင်း‌‌သိရသည်။


ထိုသို့ မြစ်ရေတက်ရောက်မှုကြောင့် အ.လ.က(မြစိမ်း)ကျောင်းတွင် အလယ်တန်း ကျောင်းသား/သူ(၈၈)ဦး၊ မူလတန်းကျောင်းသား/သူ(၅၈)ဦး၊ စုစုပေါင်း(၁၄၆)ဦးခန့်ရှိပြီး ရေကျချိန်တွင် ကျောင်းများပြန်လည်အစားထိုးဖွင့်လှစ်၍ သင်ကြားရေးမထိခိုက်စေရေးအတွက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


လပြည့်လင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)