ဘားအံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်လှစ်



MNP ၊  စက်တင်ဘာ  ၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်နေသူများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းရည်မြင့်မားလာစေရန်အတွက် အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မာရေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင်မှုရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။


သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးထင်က မိမိရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အုပ်ချုပ်ရေးလုပ်ငန်းသည် အရေးကြီးကြောင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် တာဝန်ဝတ္တရားများ၊ လုပ်ငန်းများကို ကျေပွန်စွာထမ်း ဆောင်ပြီး မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဌာနဆိုင်ရာလုပ်ငန်းများကို သိရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန်အတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။


သင်တန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဆည်မြောင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်သဒေဖွံ့ဖြိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်ဥပဒေနှင့် စိုက် /ဘဏ်ဦးစီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍများအလိုက် ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှ စက်တင်ဘာ ၄ ရက်နေ့မှ ၈ ရက်နေ့ထိ (၅)ရက် တာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၉၂)ဦး တက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment