ကော့သောင်းမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်




MNP ၊  စက်တင်ဘာ  ၈

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ(၆)ရက်နေ့က ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကော့သောင်းမြို့နယ်၊ (၁၀)မိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့တွင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါဟောပြောပွဲများတွင်  ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်မိုးမှ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးအောင်မျိုးဇော်မှ "လေထုသန့်ရှင်းဖို့လက်တွဲပူးပေါင်းဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ကြပြ ကျောင်းသား/ကျောင်းသူ၊ ဆရာ၊ဆရာမများဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အကြောင်းအရာများအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဟောပြော/ဆွေးနွေးပွဲများအပြီးတွင် အခြေခံပညာအထက်တန်းကျောင်း (၁၀ မိုင်)မှ ကျောင်းအုပ်ဆရာမထံသို့ တစ်ခါသုံးပလတ်စတစ် (ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျှော့ချနိုင်ရန် အဝတ်အိတ်များပေးအပ်ခြင်းနှင့် ကျောင်းစာကြည့်တိုက်တွင်  ကျောင်းသား/ကျောင်းသူများ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းခြင်းဆိုင်ရာ အကြောင်းအရာများအား စိတ်ပါဝင်စားစွာ ဖတ်ရှုနိုင်ရေးအတွက် ကမ္ဘာမြေကိုထိန်းသိမ်းခြင်း ရုပ်ပြကာတွန်း စာအုပ်(၅၀)အုပ်အား‌ ပေးအပ်ခဲ့ကြပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ" လေထုသန့်ရှင်းဖို့လက်တွဲ ပူးပေါင်းဆောင်ရွက်စို့" လက်ကမ်းစာစောင်များ၊ "ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့" လက်ကမ်း စာစောင်များနှင့် "ရေချွေတာသုံးစွဲရေးနှင့် တောင်ယာခုတ်ထွင်မီးရှို့မှုမပြုလုပ်ရေး" လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment