MNP ၊ စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက် နှင့် ကျေးရွာအုပ်စု အချို့နေရာများအတွင်းဧရာဝတီမြစ်ရေဝင်ရောက်မှုထပ်မံဖြစ်ပွားခဲ့ကြောင်းသိရသည်။
အဆိုပါ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် သရက်တော ရပ်ကွက် အတွင်းရှိ အိမ်ခြေ ( ၂၆) အိမ်၊အိမ်ထောင်စု ( ၂၆) စုရှိ ကျား ( ၄၁) ဦး ၊မ ( ၅၁ )ဦး ၊ ယွန်းတန်းရပ်ကွက် အတွင်းရှိ အိမ်ခြေ ( ၁) အိမ်၊အိမ်ထောင်စု ( ၁) စုရှိ မ ( ၂) ဦး ၊ကြာနီကန်ရပ်ကွက်အတွင်းရှိအိမ်ခြေ ( ၄) အိမ်၊အိမ်ထောင်စု ( ၄) စုရှိ ကျား ( ၁၀) ဦး ၊မ (၇) ဦး ၊သောင်ပြင်ကုန်းကျေးရွာအုပ်စုအတွင်းရှိအိမ်ခြေ ( ၂၅၁) အိမ်၊အိမ်ထောင်စု ( ၂၅၁) စုရှိ ကျား ( ၄၀၅) ဦး ၊မ (၄၆၆) ဦး ၊ ဇီးကျွန်းကျေးရွာကျေးရွာအုပ်စုအတွင်းရှိအိမ်ခြေ ( ၅၈) အိမ်၊အိမ်ထောင်စု ( ၅၈) စုရှိ ကျား ( ၉၄) ဦး ၊မ (၁၁၀) ဦး ၊ကျီးသဲကျေးရွာကျေးရွာအုပ်စုအတွင်းရှိအိမ်ခြေ ( ၃) အိမ်၊အိမ်ထောင်စု ( ၃) စုရှိ ကျား ( ၃) ဦး ၊မ (၄) ဦး ရွှေတောင်မြို့နယ် အတွင်းစုစုပေါင်း အိမ်ခြေ ( ၈၇၇) အိမ်၊အိမ်ထောင်စု ( ၉၀၁) စုရှိ ကျား ( ၁၅၅၅) ဦး ၊မ (၁၇၂၆) ဦး ၊စုစုပေါင်းလူဦးရေ ( ၃၂၈၁) ဦး ဧရာဝတီမြစ်ရေ ထပ်မံဝင်ရောက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီနေထိုင်နိုင်ရေးအတွက် ယွန်းတန်းရပ်ကွက်ရှိ အေးစေတီဘုရားဝန်းတွင် အိမ်ခြေ ( ၁၆) အိမ်၊အိမ်ထောင်စု ( ၁၆) စုရှိ ကျား ( ၃၄) ဦး ၊မ (၃၀)ဦး ၊ရွှေမျက်မှန်ဘုန်းကြီးကျောင်းဝန်းအတွင်းအိမ်ခြေ (၁၆) အိမ်၊အိမ်ထောင်စု ( ၁၆) စုရှိ ကျား (၂၈) ဦး ၊မ(၃၁) ဦး ၊နီးစပ်ရာဆွေမျိုးအိမ်တွင် အိမ်ခြေ ( ၁၂) အိမ်၊အိမ်ထောင်စု ( ၁၂) စုရှိ ကျား ( ၁၆) ဦး ၊မ (၂၀) ဦး ၊ သရက်တော ရပ်ကွက်ရှိနီးစပ်ရာဆွေမျိုးအိမ်တွင် အိမ်ခြေ ( ၁၂) အိမ်၊အိမ်ထောင်စု ( ၁၂) စုရှိ ကျား ( ၁၇) ဦး ၊မ (၂၁) ဦး ၊မင်းတဲကျွန်းအုပ်စုရှိ ဆုတောင်းပြည့်ဘုရားဝန်းတွင်အိမ်ခြေ ( ၉) အိမ်၊အိမ်ထောင်စု ( ၁၂) စုရှိ ကျား (၁၈) ဦး ၊မ(၁၄)ဦး ၊ဇီးကျွန်းကျေးရွာအုပ်စုရှိ နီးစပ်ရာဆွေမျိုးအိမ်တွင် အိမ်ခြေ ( ၅) အိမ်၊အိမ်ထောင်စု ( ၅) စုရှိ ကျား ( ၅) ဦး ၊မ(၁၀)ဦးတို့အား ပြောင်းရွေ့ဆောင်ရွက် ပေးခဲ့သည်။ဧရာဝတီမြစ်ရေ ဝင်ရောက်မှုခဲ့သည့် အိမ်ခြေ၊ အိမ်ထောင်စု များ၏ သောက်သုံးရေ ၊ စားဝတ်နေရေး အဆင်ပြေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ရွှေတောင်မီးသတ်ဦးစီးဌာနမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးစောလွင်နှင့်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးခဲ့ကြ ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment