MNP ၊ စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၏ ကြီးကြပ်မှုဖြင့် ရွှေတောင်မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ သက်သာသောစျေးနှုန်းဖြင့် သရက်တောရပ်ကွက်၊ ယွန်းတန်းရပ်ကွက်၊ ကြာနီကန် ရပ်ကွက် ၊မီးလောင်ကျေးရွာအုပ်စု၊ကြို့ကုန်းကျေးရွာအုပ်စုနှင့်ဆည်ကြီးကုန်းကျေးရွာကျေးရွာအုပ်စု တို့တွင် ယမန်နံနက်ပိုင်းက ဆန်၊ဆီ များရောင်းချပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ရောင်းချ ပေးရာတွင် ကြာနီကန်ရပ်ကွက်၊ယွန်းတန်းရပ်ကွက် ၊သရက်တောရပ်ကွက်
ဆန် ( ၁) ပြည်လျှင် ( ၂၅၀၀)ကျပ်နှုန်းဖြင့် ဆန်အိတ်( ၃၀) အိတ်၊ကြာနီကန် ရပ်ကွက် ၊မီးလောင်ကျေးရွာအုပ်စု၊ကြို့ကုန်းကျေးရွာအုပ်စုနှင့်ဆည်ကြီးကုန်းကျေးရွာကျေးရွာအုပ်စု တို့တွင်ဆီ( ၁) ပိဿာလျှင် ( ၄၆၀၀)ကျပ်နှုန်းဖြင့် ( ၁၁၀၀)ပိဿာတို့ကိုရောင်းချပေးခဲ့ရာ အဆိုပါ ဆန်၊ဆီရောင်းချပေးခဲ့သည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး စိုးရာဇာလင်းနှင့်ဝန်ထမ်းများ၊ရွှေတောင်မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက ဒေသခံပြည်သူများ ကိုစနစ်တကျ ရောင်းချပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment