MNP ၊ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ၊ရွာသစ်ကေကျေးရွာနေသူတစ်ဦးထံမှ စက်တင်ဘာ ၁၀ ရက်နေ့ နံနက် (၀၇:၀၀ ) အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် အမှတ်(၅)ရပ်ကွက် ၊ ရွာသစ်ကေ အလယ်ပိုင်းကျေးရွာနေ မာမာတ်အာမိန် (ကျား)၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအားတွေ့ရှိပြီး ဆက်လက်ရှာဖွေရာ နေအိမ် အနောက် ဘက် ဝါးထရံ နှင့် မိုးကာစ ကြား 3 in 1 စာတမ်းပါ instant Teamix လက်ဖက်ရည်ထုပ်အခွံအတွင်း ထည့်ထားသည့် ရေစိုလျက်ရှိသော တံဆိပ်မပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၀ ပြား ၊ အလေးချိန် ၄ ဂရမ်ခန့် ၊ နေအိမ် အောက် မှ စိတ်ကြွရူးသွပ်ဆေးပြား အာနိသင် အမှုန့်များ ပေကပ်နေသည့် အဖြူရောင်ပလက်စတစ် အပိုင်းအစ နှစ်ခု၊ နေအိမ် နောက် မီးဖိုချောင် အခန်းအတွင်းရှိ မီးဖိုချောင်နံရံ နှင့်ကပ်ရိုက်ထားသော သစ်သားစင်ပေါ်မှ မူးယစ် ဆေးဝါး သုံးစွဲ ရာတွင် အသုံးပြုသော အပေါက်ဖောက်ထားသော အဖုံးအပိတ်ပါ အစိမ်းရောင် ပလက်စတစ်ဘူးခွံ တစ်ခုတို့အား သိမ်း ဆည်းရမိပြီး မူးယစ်ဆေးဝါးများ နှင့် အတူလက်ဝယ်တွေ့ရှိသူ မာမာတ်အာမိန် (ကျား) အသက် ၅၁ နှစ် (ဘ)အဒူလာ မိန် အမှတ် (၅)ရပ်ကွက် ၊ ရွာသစ်ကေ အလယ်ပိုင်းကျေးရွာ ၊မောင်တောမြို့နေသူအား မြို့မရဲစခန်းတွင် မယ (ပ) ၂၄/၂၀၂၃ ၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှု ဖွင့်လှစ်ကာ တရားဉပဒေအရ အရေးယူနိုင်ရေး စီစဉ် ဆောင်ရွက် လျှက် ရှိ သိရ သည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment