MNP ၊ စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ မောင်တောမြို့၌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယနေ့ နံနက် ၇ နာရီအချိန် မြို့ဦး ရွှေစည်းခုံ ဆံတော်မြတ် စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးကိုကိုလေး ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင် ၊ အမှတ်(၄၆) မူးယစ်ရဲတပ်ဖွဲ့စု ရဲမှူးမြင့်သောင်း ၊ မြို့မရဲစခန်းမှူး ဒုတိယရဲတပ်ဖွဲ့မှူး ထွန်းနိုင် ၊ လူကုန်တား ရဲ တပ် ဖွဲ့ ဒုတိယရဲမှူး စံမင်း ၊ သတင်းရဲတပ်ဖွဲ့မှ ရဲအုပ် သန်းလှိုင် နှင့် ပူးပေါင်းရဲတပ်ဖွဲ့ဝင်များက (၅၉)နှစ်မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ဦးရွှေစည်း ခုံစေတီ တော်ကြီးတွင် ဘုရား ဖူး ပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် စေတီအနီး အနားရှိ အမှိုက် သရိုက် များကောက်ယူခြင်း၊ မြက်ပင် ၊ ပေါင် ပင် များ အား ခုတ်ထွင် ရှင်းလင်းခြင်း ၊ စေတီတော် ရင်ပြင် အနီး တံမြက်စည်း လှဲခြင်း ၊ ဘုရား ပရဝဏ်အတွင်း / အပြင် များ တွင် သန့်ရှင်းရေးပြုလုပ်ခြင်း ၊ စေတီတော်အနီးရှိ သုံးရေကန်အား ရေဆေး ကြော ခြင်း ၊ ရေကန်အထဲရှိ အမှိုက် များ အား ရှင်းလင်းခြင်းများကို စုပေါင်း ဆောင်ရွက် ခဲ့ကြ ကြောင်း သိရ သည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment