MNP ၊ စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ်၊သံတွဲခရိုင် ၊ ငပလီမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် စနေနေ့ စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၆)နာရီခွဲအချိန်တွင်ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထ မ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေခံတပ်နယ်မှအရာရှိ၊စစ်သည်များ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသပ်တပ်ဖွဲ့ဝင်များ ကငပလီမြို့ကုတင်(၂၅)ပြည်သူ့ဆေးရုံတွင် စုပေါင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စုစုပေါင်း အင်အား(၂၀၀)ဦးဖြင့် ပြည်သူ့ဆေးရုံခြံဝန်း အတွင်းရှိ မြက်နှင့် ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်း နှင့်ရေစီးရေလာကောင်းမွန်ရေး တို့အတွက်အမှိုက်များရှင်းလင်းခြင်း များကို စုပေါင်း ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနှင့်တာဝန်ရှိသူများငပလီမြို့အုပ်ချုပ်ရေး မှူးဦးနိုင်လင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment