MNP ၊ စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် တွင် မြို့အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပ ရေးအတွက် သမိုင်းဝင်ထင်ရှားတန်ခိုးကြီးဘုရားများတွင် အပတ်စဉ်စုပေါင်း သန့်ရှင်းရေးကို သရက်တော ရပ်ကွက် ၊ရွှေကူကြီးဘုရားဝန်းအတွင်းတွင်ယနေ့နံနက်ပိုင်းကအထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါအထူးသန့်ရှင်းရေးလှုပ်ရှားဆောင်ရွက်ရာသို့မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ နယ်မြေလုံခြုံရေးအဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ၊မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့များ၊ ကြက်ခြေနီပ်ဖွဲ့ဝင်များ၊ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊( သရက်တော၊ကြာနီကန်၊ယွန်းတန်း၊)ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါအဖွဲ့ဝင်များစုစုပေါင်းအင်အား (၄၇၅) ဦးဖြင့် ခြုံနွယ်ပိတ်ပေါင်းများ ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်အမှိုက်သိမ်းယာဥ် ( ၃) စီးဖြင့်စနစ်တကျစွန့်ပစ်ခဲ့ကြကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment