MNP ၊ စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ် ဖြန့်ဖြူးသူများက သက်သာသော ဈေးနှုန်းများဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ စက်တင်ဘာ ၁၅ ရက်နေ့ နံနက် ၇နာရီ က မြို့မဈေးဝင်းအတွင်း ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ ရောင်းချရာတွင် အခြေခံစား သောက်ကုန်ပစ္စည်းများဖြစ်သည့်အမဲသားတစ်ပိဿာ (၁၃၀၀၀)ကျပ်၊ဝက်သားတစ်ပိဿာ(၁၄၅၀၀)ကျပ်၊ကြက်သားတစ်ပိဿာ(၇၅၀၀)၊ ဧည့်မထဆန်(၁)ပြည် (၂၅၀၀)ကျပ်၊စားအုန်းဆီတစ်ပိဿာ (၄၇၀၀)ကျပ်၊ကြက်ဥ(၁)လုံး (၂၅၀)ကျပ် ၊ငါးတန်တစ်ပိဿာ(၅၀၀၀)ကျပ်၊ငါးမြစ်ချင်းတစ်ပိဿာ(၅၅၀၀)ကျပ်၊ငါးမုတ်တစ်ပိဿာ (၅၅၀၀)ကျပ် စသည့်စားကုန်ပစ္စည်းများအားစျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများမှစနစ်တကျ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment