ကျိုက်ထိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ




MNP ၊  စက်တင်ဘာ  ၁၅

            မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေး များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲ ကို ယမန်နေ့ နံနက်ပိုင်း က ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


     အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး (ကိုယ်စား)ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က ယခုလိုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံဖို့အခွင့်အရေးကြုံလာချိန်၌ ကလေးငယ်များအားလုံး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးသက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ပေးကြရန်ဆွေးနွေးပြောကြားခဲ့သည်။


       ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ကျန်းမာရေးမှူးအဆင့်(၁) ဦးထွန်းညီညီ က သားအိမ်ခေါင်းကင်ဆာရောဂါ လက္ခဏာများ၊ ကင်ဆာရောဂါ အဆင့်ဆင့်ဖြစ်ပွားပုံများ၊ ကာကွယ်ကုသနည်းများ၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)အားကျောင်းအခြေပြုနှင့် ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးလုပ်ငန်း၏ ရည်မှန်းချက် ၊ကာကွယ်ဆေးထိုးနှံမည့် အသက်အရွယ် သတ်မှတ်ချက်၊ဆေးထိုးနှံမည့်အစီအစဉ်စသည့် အကြောင်းအရာများအားပြောကြားရာတက်ရောက်လာသူများမှ သိရှိလိုသည်များအား ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြသည်။


   အဆိုပါ‌ ဆေးထိုးလုပ်ငန်းတွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာကာကွယ် ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၁၈ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ ကျောင်းသူ (  ၄၂၈၀)ဦးနှင့်  အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြုထိုးနှံခြင်း တို့အား ကျန်းမာရေးဌာန၊ ပညာရေးဌာန ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းပြီး စုရပ်နေရာများအလိုက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)