ရမည်းသင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမည်းသင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ



MNP ၊  စက်တင်ဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အင်းဇင်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ "ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးဟောပြောပွဲ"ကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကလေးအလုပ် သမားဟူသည်၊ ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးခေါင်းစဉ်ဖြင့် ကလေးအလုပ်သမားဆိုင်ရာ အသိပညာ ဗဟုသုတများ သိရှိစေရန်ပညာပေးရှင်းလင်းပြောကြားပြီး ကျောင်းသား၊ကျောင်းသူလူငယ်များအား မေးခွန်းများမေးမြန်း၍ အပြန်အလှန် ဆွေးနွေးဆောင်ရွက်စေခဲ့ကြောင်း သိရသည်။


အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ ဓါတ်ပုံတို့ကို ပြသခဲ့ကြရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူလူငယ် များကစိတ်ဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment