MNP ၊ စက်တင်ဘာ ၆
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အ ကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ မြို့ပေါ် ရပ်ကွက် (၄)ကွက်အားCensus Unit ဖွဲ့စည်းခြင်းလုပ်ငန်းကို ယမန်နေ့က ဖွဲ့စည်းဆောင် ရွက်ပြီးစီးကြောင်းသိရသည်။
အဆိုပါ Census Unit ဖွဲ့စည်းခြင်းလုပ်ငန်းအား နေပြည်တော်ဦးစီးရုံးချုပ် ပြည်သူ့အင်အားဦးစီးဌာနမှ လဝကမှူး ဒေါ်မေသက်ထွန်း ဦးဆောင်၍ ဝန်ထမ်း ၃ ဦးနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း ကွန်ပျူတာကျွမ်းကျင် ဝန်ထမ်း ၃ ဦး၊ အမ်းခရိုင်/မြို့နယ်ရုံးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ ပူးပေါင်း၍
မြောက်ပိုင်းရပ်ကွက်တွင် CU-၂၊ အထစ-၁၈၄၊ ကျား-၃၉၁ ဦး၊ မ-၄၃၉ ဦး စုစုပေါင်း ၈၃၀ ဦး၊ လေယာဉ်ကွင်းရပ်ကွက်တွင် CU-၃၊ အထစ-၅၁၂၊ ကျား-၁၂၀၂ ဦး၊ မ-၁၅၀၀ ဦး စုစုပေါင်း ၂၇၀၂ ဦး၊ ဈေးရပ်ကွက်တွင် CU-၇၊ အထစ-၁၁၈၅၊ ကျား-၂၅၈၈ ဦး၊ မ-၂၆၆၆ ဦး စုစုပေါင်း ၅၂၅၄ ဦး၊ ဈေးတောင်ရပ်ကွက်တွင် CU-၅၊ အထစ-၆၅၀၊ ကျား-၁၃၀၁ ဦး၊ မ-၁၃၅၄ ဦး စုစုပေါင်း ၂၆၅၅ ဦးဖြစ်ပြီး မြို့ပေါ်ရပ်ကွက် (၄)ကွက်အား Census Unit ဖွဲ့စည်းခြင်းလုပ်ငန်း CU-၁၇၊ အထစ-၂၅၃၁၊ ကျား-၅၄၈၂ ဦး၊ မ-၅၉၅၉ ဦး စုစုပေါင်း ၁၁၄၄၁ ဦး ဆောင်ရွက် ပြီးစီးကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment