ငဖဲမြို့နယ် ရင့်ရှည်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၃၅၀)စုအား စားအုန်းဆီ တစ်ပိဿာလျှင်ငွေကျပ် ၄၉၀၀ နှုန်းဖြင့် ဆက်လက်ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငဖဲမြို့နယ် ရင့်ရှည်ကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၃၅၀)စုအား စားအုန်းဆီ တစ်ပိဿာလျှင်ငွေကျပ် ၄၉၀၀ နှုန်းဖြင့် ဆက်လက်ရောင်းချပေး




MNP ၊  စက်တင်ဘာ  ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ စားသုံးမှု အဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိသာလျှင် ငွေကျပ် ၄၉၀၀ နှုန်းဖြင့်  ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ငဖဲမြို့နယ် ရင့်ရှည်ကျေးရွာအုပ်စုမှ  ပြည်သူများအား  ကျေးရွာဘက်စုံသုံးခန်းမ၌ ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါရောင်းချပေးရာသို့ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊  ပဒါန်းနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရင့်ရှည်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများကကြီးကြပ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဝယ်ယူအားပေးသူများအား စနစ်တကျတန်းစီ၍ ရောင်းချပေးခဲ့သည်။


ထိုသို့ရောင်းချပေးရာတွင် ရင့်ရှည်ကျေးရွာနှင့် ရင့်ရှည်တိုးချဲ့ရပ်ကွက်များမှ အိမ်ထောင်စု(၃၅၀)စုအတွက် စားအုန်းဆီပိဿာ ၃၅၀ ကို တစ်ပိဿာလျှင် ငွေကျပ် ၄၉၀၀ နှုန်း ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းဖြင့် စနစ်တကျတန်းစီ၍ ဖြန့်ဖြူးရောင်းချ ပေးနိုင်ခဲ့သည့်အတွက် ပြည်သူတို့၏စားဝတ်နေရေး အထောက်အကူဖြစ်စေခဲ့ကြောင်းနှင့် ငဖဲမြို့နယ်အတွင်းရှိ ကျေးရွာများအရောက် ကွင်းဆင်း၍ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မယု

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)