MNP ၊ စက်တင်ဘာ ၃၀
ယမန်နေ့ က ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေများ တိုးမြှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းစကား ပြောကြားခဲ့ပြီး ယနေ့ နိုင်ငံပိုင်မီဒီယာများမှ ဝန်ထမ်းများအား လစဉ်အပိုထပ်ဆောင်း ချီးမြှင့်ငွေများ ပေးအပ်သွားမည့်အခြေအနေကို ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် နိုင်ငံဝန်ထမ်းများ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများရဲ့ စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ(၃၀၀၀၀)နှုန်းဖြင့် လစဉ်ခံစားခွင့် ပြုသွားမှာ ဖြစ်ကြောင်း၊ အလားတူ အစိုးရဌာနများရဲ့ နေ့စားလုပ်သားများရဲ့ လုပ်ခကို နေ့စဉ် အလုပ်ချိန်(၈)နာရီအတွက် လက်ရှိသတ်မှတ်ထားတဲ့ လုပ်ခ (၄၈၀၀)ကျပ် တိတိအပေါ်မှာ အပိုထောက်ပံ့ကြေးအဖြစ် (၁၀၀၀)ကျပ် တိတိ ထပ်မံခံစားခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment