ပွင့်ဖြူမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအဖွဲ့က ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် ဆန်နှင့် ကြက်ဥများကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအဖွဲ့က ပြည်သူများ စားသောက်ရေးအဆင်ပြေစေရန် ဆန်နှင့် ကြက်ဥများကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေး



MNP ၊  စက်တင်ဘာ  ၃၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် ရည်ရွယ်၍ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအဖွဲ့က ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဗိုလ်ချုပ်လမ်းပေါ်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးအနီးတွင် တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ဖွင့်လှစ်၍ ဒေသခံပြည်သူများထံ အခြေခံစားသောက်ကုန် ဆန်နှင့် ကြက်ဥများကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။


ထိုသို့ စားသောက်ရေးအဆင်ပြေစေရန် ဆန်နှင့် ကြက်ဥများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးရာတွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအဖွဲ့က မနောသုခ ဆန်(၁)ပြည် ငွေကျပ် ၂၅၀၀ နှုန်း၊ ကြက်ဥတစ်လုံးလျှင် ငွေကျပ် ၂၅၀ နှုန်းဖြင့် အခြေခံစားကုန်ပစ္စည်း(၂)မျိုးကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးရာ ဒေသခံပြည်သူ ၁၃၀ ဦးခန့်က အားပါးတရ လာရောက်ဝယ်ယူခဲ့ကြကြောင်း သိရသည်။ ထိုသို့ ရောင်းချရာ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ဆန်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ညလိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဒေသခံပြည်သူများထံ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးပြီး ပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။  


လှိုင်ဝင်းလေး 

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)